နှလုံးလှ မေတ္တာရှင်များ ဖောင်ဒေးရှင်းသည် လူမျိုးဘာသာ မရွေး၊ အသက်အရွယ် အဆင့်အတန်း မရွေး၊ လူအချင်းချင်းတို့အား တွေ့ကြုံခံစားနေရသော ဒုက္ခအမျိုးမျိုးတို့ကြားမှ မေတ္တာစိတ် အရင်းခံဖြင့် ထောက်ပံ့ကူညီကယ်တင်ရန်နှင့် တစ်ဖက်မှလည်း တိရစ္ဆာန်မျိုးစုံတို့အား ညှင်းပန်းနှိပ်စက်ခံရသည့်ဘေးမှ လူ့ကျင့်ဝတ် သိက္ခာနှင့်အညီ မေတ္တာတရားဖြင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ထားသော လူမှုရေး ပရဟိတ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါသည်။